၂၀၂၅ ခုနှစ်၊ မေ ၂၁ ရက်က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ နှစ်လုံးထီ လောင်းကစား ပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၁ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သရက်ပင်ကွက်ကျေးရွာနေ အောင်ကိုဝင်း(၄၀)နှစ်၏နေအိမ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အောင်ကိုဝင်းအား နေအိမ်အောက်ထပ်၌ တွေ့ရှိရပြီး ၎င်းနှင့်အတူ နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အောင်ကိုဝင်း အား မကွေးမြို့မရဲစခန်း(ပ)၅၅/၂၀၂၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၈(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူအား
ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။