Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ မေ ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ မေ ၂၀ ရက် မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်နေ မဆွေဆွေမြင့်(၃၄)နှစ်၏နေအိမ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ တောင်ဥက္ကလာပမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မဆွေဆွေမြင့်အား ၎င်းရှေ့စားပွဲပေါ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် ဆွေဆွေမြင့် အား တောင်ဥက္ကလာပမြို့မရဲစခန်း (ပ)၁၅၇/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူအား 
ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။