၂၀၂၅ ခုနှစ်၊ မေ ၂၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကျိုက်ထိုမြို့နယ်အတွင်းရှိ “မြမြင့်မိုရ်” သောက်ရေသန့်စက်ရုံနှင့် Dragon သောက်ရေသန့်စက်ရုံများသို့သွားရောက်၍ သောက်ရေသန့်များ ထုတ်လုပ်ရာ၌ သတ်မှတ်အရည်အသွေးပြည့်မီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများအား သောက်ရေသန့်များ
ထုတ်လုပ်ရာ၌ သတ်မှတ်အရည်အသွေးပြည့်မီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။