၂၀၂၅ ခုနှစ်၊ မေ ၂၁ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရတနာပုံရပ်ကွက်၊ သာစည်လမ်း၊ သာစည်ဈေးရှေ့၌ လုံးပတ် ၂၀ ပေ၊ အမြင့် ၅၀ ပေခန့်ရှိ တမာပင်သည် မိုးရွာသွန်းမှုကြောင့် အမြစ်လန်၍လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ဆောင်ရွက်မှုပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ပစ္စည်းဆုံးရှုံးမှုမရှိကြောင်း သတင်းရရှိပါသည်။