၂၀၂၅ ခုနှစ်၊ မေ ၂၁ ရက် နံနက် ၇ နာရီ ၂၈ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၂)၊ မန္တလေး-လားရှိုးလမ်းပေါ်၌ လုံးပတ် ၅ ပေ၊ အမြင့် ၃၀ ပေခန့်ရှိ ညောင်ပင်သည် မိုးရွာသွန်းမှုကြောင့် ဆွေးမြေ့ပြီး လမ်းဘေးတွင် ရပ်ထားသော မော်တော်ယာဉ် တစ်စီးပေါ်သို့ လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီ ၁၀ မိနစ်တွင် ဆောင်ရွက်မှုပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် MDY-12/6F-XXXX TOYOTA BELTA မော်တော်ယာဉ် တစ်စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရရှိပါသည်။