Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဘောဂဝတီအုပ်စု၊ ဆီဆုံရပ်ကွက်၌ နေအိမ် မီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ မေ ၂၂ ရက် နံနက် ၁ နာရီ ၅၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့နယ်၊ ဘောဂဝတီအုပ်စု၊ ဆီဆုံရပ်ကွက်၌ ပိုင်ရှင် ဒေါ်တင်အောင်၏ ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း နှစ်ထပ် နေအိမ်တွင် WATER COOLER SAFEGUARD အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်ဆည်ခရိုင်/မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် လေးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၅၂ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
    အဆိုပါမီးလောင်မှုကြောင့် အမျိုးသမီး လေးဦး မီးလောင်သေဆုံးခဲ့ကာ ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း နှစ်ထပ် နေအိမ် တစ်လုံးနှင့် ဆိုင်ကယ် တစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်တင်အောင်(သေဆုံး) အား ကျောက်ဆည်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။