Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ ဖွင့်လှစ်ထားသော ဆေးရုံနှင့် ဆေးခန်းများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ၂၀၂၅ ခုနှစ်၊ မေ ၂၂ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်တို့၌ ပုဂ္ဂလိကဆေးရုံများနှင့် အထူးကုဆေးခန်းများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ခြင်း ရှိ/မရှိတို့ကို မြို့နယ်ပုဂ္ဂလိကကျန်းမာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးသည် မြို့နယ်ပုဂ္ဂလိကကျန်းမာရေးကြီးကြပ်မှုကော်မတီဝင်များ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ ဖွင့်လှစ်ထားသော ဆေးရုံနှင့် ဆေးခန်းများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။