Language: Myanmar English

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းရှေ့၌ ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားကျင်းပ

     ၂၀၂၅ ခုနှစ်၊ မေ ၂၂ ရက် နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင် မြို့နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းရှေ့၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မွန်ပြည်နယ်ဥပဒေချုပ်၊ မွန်ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်လင်းထွေး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်း ကျောင်းရှေ့၌ ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။