Language: Myanmar English

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကွန်ဟိန်းမြို့၊ ပြည်ထောင်စုလမ်းဘေးရှိ ယူရီးယားဓာတ်မြေဩဇာဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ၂၀၂၅ ခုနှစ်၊ မေ ၂၁ ရက် နံနက် ၁၀ နာရီတွင်  ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကွန်ဟိန်းမြို့၊ ပြည်ထောင်စုလမ်းမဘေးရှိ ယူရီးယားဓာတ်မြေဩဇာဆိုင်များအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန်နှင့် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကွန်ဟိန်းမြို့၊ ပြည်ထောင်စုလမ်းဘေးရှိ ယူရီးယားဓာတ်မြေဩဇာဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။