Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ ငွေကျပ် ၅၂၅ သိန်း တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ မေ ၂၀ ရက် နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက် အနီး၌ မန္တလေးမြို့မှ အင်းတော်မြို့သို့ ဇော်ဖြိုးအောင် မောင်းနှင်ပြီး သက်ဝေထွန်း လိုက်ပါလာသော TOYOTA HIACE အမျိုးအစား အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ခေါင်မိုးပေါ်မှ သိုဝှက်သယ်ဆောင်လာသည့် ဘိန်းစိမ်းအလေးချိန် ၃၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၁၅ သိန်း နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၅၂၅ သိန်း)အား ဖမ်းဆီးရမိသဖြင့် ဇော်ဖြိုးအောင်(၃၅)နှစ်၊ သက်ဝေထွန်း(၃၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် ဘိန်းစိမ်းများနှင့်အတူ တွေ့ရစဉ်။