၂၀၂၅ ခုနှစ်၊ မေ ၂၂ ရက်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ပုံဝိုင်းလောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၂ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ မဟာအောင်မြေခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် အမှတ်(၇)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ ၈၉ လမ်းနှင့် ၉၀ လမ်းကြား၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားရှိ သင်္ဂဇာချောင်းအနီး အဆိုပါနေရာ၌ ပုံဝိုင်းလောင်းကစား ပြုလုပ်နေသည့် ဒေးဝန်းအရှေ့ရပ်ကွက်နေ မြင့်အောင်(၆၂)နှစ်ပါ လေးဦးအား ပုံဝိုင်းလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် မြင့်အောင်ပါ လေးဦးအား မဟာအောင်မြေမြို့နယ်၊ အမှတ်(၇)နယ်မြေရဲစခန်း (ပ)၆၀/၂၀၂၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ပုံဝိုင်းလောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။