Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ မေ ၂၁ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၂၁ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ သစ်လုံးလေးကျေးရွာနေ လှမင်း(၅၃)နှစ်၏နေအိမ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ပျဉ်းမနားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်၌ လှမင်းနှင့်အတူ ပျဉ်းမနားမြို့နယ်၊ ပုရွက်ဆိတ်ကုန်းကျေးရွာနေ မြင့်ဆွေ(၆၇)နှစ်၊ ကျွန်းဦးကျေးရွာနေ စန်းမြင့်(၅၁)နှစ်တို့ သုံးဦးအား ဖဲရိုက်လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် လှမင်းပါ သုံးဦးအား ပျဉ်းမနားမြို့မရဲစခန်း (ပ)၉၃/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။