မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မေ ၂၃ ရက်က ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၃ ရက် မွန်းလွဲ ၄ နာရီ ၄၀ မိနစ်တွင် အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဌာနမှ ဦးစီးအရာရှိ ဦးစိုးရာဇာ ဦးစီးပူးပေါင်းအဖွဲ့က စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ မန္တလေးမြို့မှ စစ်ကိုင်းမြို့သို့ စစ်ကိုင်း မြို့နယ်၊ ရွှေမင်းဝံရပ်ကွက်နေ မင်းညွန့်(၄၂)နှစ် မောင်းနှင်လာသည့် MDY-12 3H-XXXX ISUZU ခြောက်ဘီး မော်တော်ယာဉ်ပေါ်မှ ဒီဇယ်ဆီ ၁၂ ပီပါ၊ ၅၇၆ ဂါလန်ခန့်အား တရားမဝင်အထောက်အထားမဲ့ သယ်ဆောင် လာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် မင်းညွန့်အား အမရပူရမြို့မရဲစခန်း(ပ)၁၅၀/၂၀၂၅၊ ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဒီဇင်ဆီများ တရားမဝင်သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။