မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်း အရ ၂၀၂၅ ခုနှစ်၊ မေ ၁၉ ရက် ည ၇ နာရီ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၂ လမ်းနှင့် ၁၃၃ လမ်းကြား၊ ၆၃ ဘီလမ်းပေါ်တွင် ယဉ်မင်းဦး မောင်းနှင်သည့် ISUZU အမျိုးအစား ကုန်တင်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းအလေးချိန် ၁ ဒသမ ၈ တန် (တစ်တန်လျှင် ငွေကျပ်သိန်း ၄,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၇,၂၀၀) ဖမ်းဆီးရမိပြီး စစ်ဆေးဖော်ထုတ်ချက် အရ သိမ်းဆည်းရမိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများကို နယ်စပ်ဒေသမှ တရားမဝင်တင်သွင်းလာခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် မုံရွာမြို့မှ ကဖင်းအိတ်များသယ်ဆောင်ခိုင်းသူ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ ကိုဇေ(ခ)ကိုဇေဇေအောင် နှင့် မစန္ဒာဝင်းတို့၏ နေအိမ်ကို မေ ၂၀ ရက် နံနက် ၁၁ နာရီတွင် ဝင်ရောက် ရှာဖွေခဲ့ရာ မစန္ဒာဝင်း အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်အရ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ကဖင်းအိတ်များကို ကလေးမြို့မှ မန္တလေးမြို့သို့ သယ်ဆောင်ရန်စေခိုင်းသူ အောင်ဆန်းဦး(ခ)စိုးကို(ခ) အောင်စိုးသူ အား ကလေးမြို့၊ ချမ်းမြေ့ အောင်စည်ရပ်ကွက်ရှိနေအိမ်တွင် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဖမ်းဆီးရမိသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများနှင့်အတူ တရားခံများအား တွေ့ရစဉ်။