Language: Myanmar English

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းဆန္ဒ ဖော်ထုတ်ပွဲ(ဒါဘာ)အခမ်းအနားကျင်းပ

     ၂၀၂၅ ခုနှစ်၊ မေ ၂၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင်  မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးမှ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆန်၊ ဆီနှင့် ကြက်ဥများကို ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
 
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းဆန္ဒ ဖော်ထုတ်ပွဲ(ဒါဘာ)အခမ်းအနားကျင်းပမှု မှတ်တမ်းဓာတ်ပုံ။