၂၀၂၅ ခုနှစ် မေ ၂၃ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ဥယျာဉ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (မိုးနဲ)တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်တွင် ကျောင်း တက်ရောက်မည့် ကျောင်းသား/ ကျောင်းသူများ ကျောင်းအပ်နှံမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ဥယျာဉ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (မိုးနဲ)၌ ကျောင်းသား/ ကျောင်းသူများ ကျောင်းအပ်နှံမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။