Language: Myanmar English

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်ဆီးဆုံးရှုံးမှုဖြစ်ပွားခဲ့သောဒေသများတွင် မီးသတ်ဦးစီးဌာနမှ  ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှုမှတ်တမ်း

    ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်က  မန္တလေးမြေငလျင်စခန်းမှ အရှေ့ မြောက်ဘက် ၂၁ ကီလိုမီတာခန့် ကွာဝေးသော မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလို မီတာခန့် အကွာ မြောက်လတ္တီတွဒ် ၂၂.၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၉၆.၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၇.၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှား ခဲ့ပါသည်။
    သို့ဖြစ်ပါ၍ ၂၀၂၅ ခုနှစ်၊ မေ ၂၃ ရက်တွင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် များသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်ဆီးဆုံးရှုံးမှုဖြစ်ပွားခဲ့သော မန္တလေးတိုင်းဒေသကြီး အတွင်း ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ Sky Villa အဆောက်အအုံ ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှုမှတ်တမ်း