Language: Myanmar English

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိ

      ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မေ ၂၄ ရက်က လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 
     ဖြစ်စဉ်မှာ မေ ၂၄ ရက် ညနေ ၄ နာရီ ၅ မိနစ်တွင် မိုးညှင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နန့်ပုတ်ကျေးရွာအနီး၌ ယာဉ်ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် နန့်စီအောင်ကျေးရွာဘက်မှ မိုးညှင်းမြို့ဘက်သို့ လက်ပံတန်းကျေးရွာနေ ဆန်းထွန်း(၃၇)နှစ် မောင်းနှင်လာသည့် ယာဉ်အမှတ် MDY-18 3J/XXXX NISSA ADVAN ယာဉ်အားလည်းကောင်း၊ တစ်ရွာတည်းနေ ပြည့်စိုးအောင်(၃၀)နှစ် မောင်းနှင်လာသည့် YGN-19 5M/XXXX ALPHARD ယာဉ်နှင့် ဇင်မင်းဦး(၃၉)နှစ် မောင်းနှင်လာသည့် MDY-17 1K/XXXX NISSAN ADVAN ယာဉ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်များနှင့်ပတ်သက်၍ အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ဆန်းထွန်း၊ ပြည့်စိုးအောင်နှင့် ဇင်မင်းဦးတို့ သုံးဦးအား ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။