၂၀၂၅ ခုနှစ်၊ မေ ၂၅ ရက် နံနက် ၁ နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာကျေးရွာအုပ်စု၊ ရန်ကင်းစံရာ (အနောက်ကျွန်း)ကျေးရွာ၌ ပန်းလှိုင်မြစ်ရေမြင့်တက်ပြီး အလျား ၂၅၀ ပေ၊ အနံ ၅၀ ပေခန့် မြစ်ကမ်းပါးပြိုကျပြီး လူနေအိမ် ၁၃ လုံးနှင့် အမှတ်(၄)ရပ်ကွက်၊ တိုးချဲ့နယ်မြေအနီး၌ အလျား ၂၀၀ ပေ၊ အနံ ၅၀ ပေခန့် မြစ်ကမ်းပါးပြိုကျပြီး လူနေအိမ် ၇ လုံး စုစုပေါင်းလူနေအိမ် ၂၀ လုံး မျောပါခဲ့ကြောင်း၊ နံနက် ၇ နာရီ ၃၀ မိနစ်တွင် သတင်းရရှိသဖြင့် ဆက်လက်ပြိုကျနိုင်ခြေရှိသည့် လူနေအိမ် ၃၈ လုံးတို့အား ကူညီရွှေ့ပြောင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ မြစ်ကမ်းပါးပြိုကျပြီး မျောပါသွားသော လူနေအိမ် ၂၀ လုံးနှင့် ဆက်လက်ပြိုကျနိုင်သည့် လူနေအိမ် ၃၈ လုံး စုစုပေါင်းနေအိမ် ၅၈ လုံးမှ အိမ်ထောင်စု ၅၈ စု၊ လူဦးရေ စုစုပေါင်း ၃၆၁ ဦးတို့အား နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။