Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်ကားလမ်း (အတက်လမ်း)၌ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု

     ၂၀၂၅ ခုနှစ်၊ မေ ၂၅ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်ကားလမ်း(အတက်လမ်း)၌ မိုးရွာသွန်းမှုကြောင့် လုံးပတ် ၅ ပေ၊ အမြင့် ၇၀ ပေခန့်ရှိ ညောင်ပင်သည် အမြစ်လန်၍လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ၄၉ မိနစ်တွင် ပြီးစီးခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ပစ္စည်းဆုံးရှုံးမှုမရှိကြောင်း သတင်းရရှိပါသည်။