Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ရေကူးကန်လမ်း၌ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု

     ၂၀၂၅ ခုနှစ်၊ မေ ၂၆ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ရေကူးကန်လမ်း၌  လုံးပတ် ၇ ပေ၊ အမြင့် ၆၀ ပေခန့်ရှိ ထနောင်းပင်သည် မိုးရွာသွန်းမှုကြောင့် အမြစ်မခိုင်၍လဲကျပြီး လမ်းပိတ်နေကြောင်း သတင်းရရှိသဖြင့် မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ပစ္စည်းဆုံးရှုံးမှု မရှိကြောင်း သတင်းရရှိပါသည်။