Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ သက်တော်ရှည်ရပ်ကွက်၊ သက်တော်ရှည်ဘုန်းကြီးကျောင်းဝင်း အတွင်း၌ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု

     ၂၀၂၅ ခုနှစ်၊ မေ ၂၆ ရက် နံနက် ၈ နာရီခန့်က မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ သက်တော်ရှည်ရပ်ကွက်၊ သက်တော်ရှည်ဘုန်းကြီးကျောင်းဝင်းအတွင်း၌ လုံးပတ် ၅ ပေခွဲ၊ အမြင့် ၈၀ ပေခန့်ရှိ စိန်ပန်းပင်သည် မိုးရွာသွန်းမှုကြောင့် အမြစ်လန်လဲကျပြီး ဓမ္မာရုံအမိုးပေါ်သို့ ပိမိနေကြောင်း သတင်းရရှိသဖြင့် ပွင့်ဖြူမြို့နယ်မီးသတ်စခန်းမှ  မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ ၂၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။