၂၀၂၅ ခုနှစ်၊ မေ ၂၆ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများ မရှိစေရေး၊ ရောင်းချခြင်းမရှိဘဲ ကြာရှည်သိုလှောင်ထားခြင်းများ မရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှု ရှိစေရေးတို့အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချမှု ရှိ/မရှိတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်တွင်းအခွန် ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ ဆန်ဆိုင်များအား သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။