၂၀၂၅ ခုနှစ်၊ မေ ၂၅ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်ရှိ ဒေါက်တာလှဘေ ပညာပါရမီစာကြည့်တိုက်၌ မြန်မာနိုင်ငံဂီတအစည်းအရုံး (မွန်ပြည်နယ်) ယာယီရုံးခန်းဖွင့်လှစ်ခြင်းနှင့် ငလျင်ဘေးအလှူငွေပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ဂီတအစည်းအရုံး အသင်းဝင်များနှင့်အတူ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်ရှိ ဒေါက်တာလှဘေ ပညာပါရမီ စာကြည့်တိုက်၌ မြန်မာနိုင်ငံဂီတအစည်းအရုံး(မွန်ပြည်နယ်) ယာယီရုံးခန်းဖွင့်လှစ်ခြင်းနှင့် ငလျင်ဘေးအလှူငွေပေးအပ်ပွဲအခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။