Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ပရီမီယမ်ဒီဇယ်ဆီများ တရားမဝင်သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ မေ ၂၅ ရက်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ပရီမီယမ် ဒီဇယ်ဆီများ တရားမဝင်သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၂၅ ရက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်၊ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ အမရပူရမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ရေနံနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့မှ စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမြို့မှ စစ်ကိုင်းမြို့သို့ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရှမ်းကန်ကျေးရွာနေ ဇော်မြင့်(၄၃)နှစ် မောင်းနှင်လာသည့် BGO-11/2D-XXXX HYUNDAI အဖြူရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်၌ တရားမဝင်အထောက်အထားမဲ့ သယ်ဆောင်လာသည့် ပရီမီယမ်ဒီဇယ်ဆီ ၂၃၆ ဂါလန်အား စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် ဇော်မြင့် အား အမရပူရမြို့မရဲစခန်း (ပ)၁၆၆/၂၀၂၅၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ပရီမီယမ်ဒီဇယ်ဆီများ တရားမဝင်သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။