Language: Myanmar English

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ မေ ၂၆ ရက်က မွန်ပြည်နယ်၊ ရေးမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၂၆ ရက် မွန်းလွဲ ၃ နာရီတွင် မွန်ပြည်နယ်၊ ရေးမြို့၊ သီရိနန္ဒာရပ်ကွက်၊ ရေး- ထားဝယ်ကားလမ်းပေါ်၌ ရေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် လမိုင်းမြို့မှ ရေးမြို့သို့ ရေးမြို့နယ်၊ လမိုင်းမြို့နေ ကြည်မျိုးဝင်း(၂၄)နှစ် မောင်းနှင်လာသည့် YGN-9/ 4L-XXXX NISSAN CLIPPER အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကြည်မျိုးဝင်း အား ရေးမြို့မရဲစခန်း (ပ)၃၆/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။