၂၀၂၅ ခုနှစ်၊ မေ ၂၆ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၆ ရက် ညနေ ၄ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ အလျင်လိုကျေးရွာအနီး၌ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ အမှတ်(၁)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တပ်ဖွဲ့ဝင်များသည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် လယ်ဝေးမြို့မှ ပျဉ်းမနားမြို့သို့ ဒက္ခိဏသီရိ မြို့နယ်၊ ရွာမကျေးရွာနေ စိုးမိုးအောင်(၃၇)နှစ် မောင်းနှင်လာသည့် MDY-17/1K-XXXX HONDA INSIGHT ခဲရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စိုးမိုးအောင် အား ပျဉ်းမနားမြို့မရဲစခန်း (ပ)၉၇/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။