Language: Myanmar English

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ၎င်းအရှေ့မှ မောင်းနှင်နေသည့် ၂၂ ဘီး မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိမှုကြောင့် အမျိုးသား သုံးဦး ထိခိုက် ဒဏ်ရာရရှိ

     ၂၀၂၅ ခုနှစ်၊ မေ ၂၅ ရက်က ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ၎င်းအရှေ့မှ မောင်းနှင်နေသည့် ၂၂ ဘီး မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိမှုကြောင့် အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၂၅ ရက် ည ၁၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၇၆ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ပြည်ထောင်စုလမ်းမကြီးအတိုင်း ကလောမြို့မှ အောင်ပန်းမြို့သို့ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်နေ မင်းမင်းဦး(၃၂)နှစ် မောင်းနှင်ပြီး ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့၊ နီပါးဆေးရွာနေ ဖြိုးဝေစိုး(၁၉)နှစ်နှင့် ရှမ်းပြည်နယ်၊ အေးသာယာမြို့နေ ညီညီလွင် (၃၃)နှစ်တို့ နှစ်ဦးသည် ယာဉ်နောက်လိုက်အဖြစ် လိုက်ပါလာသည့် YGN-20/5P-XXXXX HIGER BUS ခရီးသည်တင် အဖြူရောင်မော်တော်ယာဉ်သည် LUCKY-7 စက်သုံးဆီဆိုင်အနီးအရောက်၌ ၎င်းအရှေ့မှ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ နဝဒေးရပ်ကွက်နေ အောင်ဖြိုးပိုင်(၃၃)နှစ် မောင်းနှင်သည့် MDY-14/ 7R-XXXX MAN TGX ၂၂ ဘီး အဖြူရောင်မော်တော်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ အနောက်မှ ဝင်ရောက်တိုက်မိခဲ့သဖြင့် ခရီးသည်တင်မော်တော်ယာဉ်၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ဖြစ်ကြသည့် မင်းမင်းဦး၊ ဖြိုးဝေစိုးနှင့် ညီညီလွင်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် မင်းမင်းဦး အား ကလောမြို့မရဲစခန်း ယာဉ်(ပ)၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ၎င်းအရှေ့မှ မောင်းနှင်နေသည့် ၂၂ ဘီး မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိမှုကြောင့် အမျိုးသား သုံးဦး ထိခိုက် ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။