Language: Myanmar English

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မြစန္ဒာရပ်ကွက်အဝင်လမ်း၌ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှုမှတ်တမ်း

     ၂၀၂၅ ခုနှစ်၊ မေ ၂၇ ရက်၊ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ မြို့နယ်၊ မြစန္ဒာရပ်ကွက်အဝင်လမ်း၌ မိုးရွာသွန်းမှုကြောင့် လုံးပတ် ၇ ပေ၊ အမြင့် ၄၅ ပေခန့်ရှိ ကုက္ကိုပင်သည် အမြစ်လန်လဲကျပြီး ၅ x ၅ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း ရပ်ကွက်ပိုင် ရေစက်ခန်း ပေါ်သို့ ပိမိနေကြောင်း သတင်းရရှိသဖြင့် မြောင်းမြမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ၅ x ၅ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း ရပ်ကွက်ပိုင် ရေစက်ခန်း အမိုးအနည်းငယ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါသည်။