Language: Myanmar English

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး ငါးဦးတို့အား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ မေ ၂၇ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး ငါးဦးတို့အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

    ဖြစ်စဉ်မှာ မေ ၂၇ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉) ရပ်ကွက်နေ ခင်မာရွှေ(၂၉)နှစ်၏ နေအိမ်၌ ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဘားအံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ အဆိုပါ နေအိမ်၌ ခင်မာရွှေပါ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး ငါးဦးတို့အား ဖဲရိုက်လောင်းကစားရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ခုနစ်ဦးအား ဘားအံမြို့မရဲစခန်း (ပ)၇၅/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး ငါးဦးတို့အား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။