Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်နှင့် ကလေးမြို့၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီးအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ မေ ၂၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်နှင့် ကလေးမြို့၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ မေ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပဂိုးကုန်းကျေးရွာအနီး မြို့ရှောင်လမ်းပေါ်၌ အမှတ်(၁၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မြို့ရှောင်လမ်းအတိုင်း တောင်မှ မြောက်သို့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မန်ခိန်ရပ်ကွက်နေ အေးမင်းထွန်း(၃၇)နှစ် မောင်းနှင်လာသည့် YGN-20/7M-XXXX TOTOTA KLUGER အနက်ရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အေးမင်းထွန်း အား ရွှေဘိုမြို့မရဲစခန်း (ပ)၈၀/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့်လည်းကောင်း။

     အလားတူ မွန်းလွဲ ၃ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ မင်္ဂလာဥယျာဉ်ရပ်ကွက်၊ ပင်လုံလမ်းဆုံ၌ အမှတ်(၁၀၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ် စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ပင်လုံလမ်းအတိုင်း တောင်မှ မြောက်သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ မင်္ဂလာဥယျာဉ်ရပ်ကွက်နေ လင်းလင်းအောင်(၂၄)နှစ် မောင်းနှင်လာသည့် YGN-8/5K-XXXX TOYOTA WISH အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လင်းလင်းအောင် အား ကလေးမြို့မရဲစခန်း (ပ)၈၀/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း။

   ထို့အတူ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ သီရိမဏ္ဍိုင်လမ်းပေါ်၌ အမှတ်(၁)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(နေပြည်တော်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ပင်လုံဆေးရုံမီးပွိုင့်မှ နေပြည်တော် ဘူတာကြီးသို့ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်နေ ဝင်းမိုးကျော်(၂၅)နှစ် မောင်းနှင်လာသည့် NPW-5/2F-XXXX TOYOTA CROWN ခဲရောင်မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဝင်းမိုးကျော် အား ထုံးဖိုမြို့မရဲစခန်း (ပ)၂၆/၂၀၂၅၊ ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်နှင့် ကလေးမြို့၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။