၂၀၂၅ ခုနှစ်၊ မေ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ပျဉ်းမကုန်းကျေးရွာအုပ်စု၊ ပျဉ်းမကုန်းကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် လေးလုံး ပြိုကျပျက်စီးခြင်းနှင့် နေအိမ် သုံးလုံး အမိုးလန်ပျက်စီးခြင်း ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အိမ်မဲမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ကူညီရွှေ့ပြောင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် အိမ်ထောင်စု ခုနစ်စုရှိ မိသားစု ၃၂ ဦးတို့အား နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။