Language: Myanmar English

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ဗထူးရပ်ကွက်၊ အောင်ဆန်းလမ်း၌ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု

     ၂၀၂၅ ခုနှစ်၊ မေ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ဗထူးရပ်ကွက်၊ အောင်ဆန်းလမ်း၌ မိုးရွာသွန်းမှုကြောင့် လုံးပတ် ၇ ပေ၊ အမြင့် ၃၀ ပေခန့်ရှိ လက်ပွတ်ပင်သည် အမြစ်လန်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် ရေကြည်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ပစ္စည်းဆုံးရှုံးမှု မရှိကြောင်း သတင်းရရှိပါသည်။