၂၀၂၅ ခုနှစ်၊ မေ ၂၇ ရက် နံနက် ၈ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်၊ စက်မှုဇုန်(၆)လမ်း ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်၊ စက်မှုဇုန်(၆)လမ်း ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကျင်းပမှု မှတ်တမ်းဓာတ်ပုံ။