Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ ငွေကျပ် သိန်း ၂၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ မေ ၂၇ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ စံပယ်လမ်းမပေါ်၌ လမ်းလျှောက်လာသူ အောင်အောင်အား စစ်ဆေးရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား ဖမ်းဆီးရမိပြီး ထပ်မံစစ်ဆေးပေါ်ပေါက်ချက်အရ ည ၇ နာရီတွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အောင်မေတ္တာလမ်းနေ အောင်မိုး၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းမှာ ထွက်ပြေးတိမ်းရှောင်နေပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၂,၀၀၀ ပြား (တစ်ပြားလျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၂၂၀) တို့အား ဖမ်းဆီးရမိသဖြင့် အောင်အောင်(၃၅)နှစ်နှင့် အောင်မိုး(၅၃)နှစ်(ဖမ်းမမိ)တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။