၂၀၂၅ ခုနှစ်၊ မေ ၂၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမှ စစ်ကိုင်းသို့ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ညောင်ကုန်းကျေးရွာနေ ဇော်မြ(၄၆)နှစ် မောင်းနှင်လာသည့် YGN-15/5L-XXXX HINO အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဇော်မြ အား စစ်ကိုင်းမြို့မရဲစခန်း (ပ)၂၂၃/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း။
အလားတူ မေ ၂၈ ရက် နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကမာစဲ ကျေးရွာကားလမ်းမ၌ အမှတ်(၃)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် ကမာစဲကျေးရွာမှ သနပ်ပင်မြို့သို့ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ အနီးကိုက်ကျေးရွာနေ အောင်စိုးလင်း(၂၈)နှစ် မောင်းနှင်လာသည့် YGN-11/4E-XXXX MITSUBISHI CANTER အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အောင်စိုးလင်း အား သနပ်ပင်မြို့မရဲစခန်း (ပ)၆၄/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။
ထို့အတူ မေ ၂၈ ရက် ညနေ ၃ နာရီ ၄၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကလော လမ်းဆုံ၌ ကျိုက်ထိုခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာမှ ဝင်းကလောလမ်းဆုံသို့ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဂဠုန်ကုန်းကျေးရွာနေ သီဟမျိုး(၂၀)နှစ် မောင်းနှင်လာသည့် YGN-18/ 2H-XXXX TOYOTA VOXY ခဲရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သီဟမျိုး အား ကျိုက်ထိုမြို့မရဲစခန်း (ပ)၆၉/၂၀၂၅ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။