၂၀၂၅ ခုနှစ်၊ မေ ၂၈ ရက် နံနက် ၈ နာရီ ၅၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ တောင်ညွန့်မီးရထားရပ်ကွက်၊ ၁၀၃ လမ်း၊ နယ်မြေ ၁၁ ၌ မိုးရွာသွန်းမှုကြောင့် လုံးပတ် ၃ ပေ၊ အမြင့် ၅၀ ပေခန့်ရှိ ရေသဖန်းပင်သည် အမြစ်လန်လဲကျပြီး မီးရထားဝန်ထမ်းလိုင်းခန်းပေါ်သို့ ပိနေကြောင်း သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ၁၉ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။