၂၀၂၅ ခုနှစ်၊ မေ ၂၉ ရက် မွန်းလွဲ ၂ နာရီ ၄၂ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီး မြို့နယ်၊ ဉက္ကံမြို့၊ ဗိုလ်ချုပ်အောင်ဆန်းရပ်ကွက်၊ ချမ်းသာကြီးကုန်း၊ ရေတာလမ်းမကြီးဘေး၌ မိုးရွာသွန်း မှုကြောင့် လုံးပတ် ၂ ပေခွဲ၊ အမြင့် ၅၀ ပေခန့်ရှိ မလေးရှားပိတောက်ပင်သည် အမြစ်လန်လဲကျပြီး နေအိမ် ပေါ်သို့ ပိနေကြောင်း သတင်းရရှိသဖြင့် ဉက္ကံနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။