၂၀၂၅ ခုနှစ်၊ မေ ၂၉ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲ မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(မိုးနဲ)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား မိဘနှင့် ကျောင်းသား/သူများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ကျောင်းသား/သူများမှ ကျောင်းအပ်နှံရေးနေ့သီချင်းဖြင့် သီဆိုဖွင့်လှစ်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာ စကားပြောကြားခြင်းနှင့် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သည့် ပုံနှိပ်စာအုပ်၊ ကျောင်းသုံးဗလာ စာအုပ်၊ ကျောင်းဝတ်စုံနှင့် သင်ထောက်ကူပစ္စည်းများ၊ စာရေးကိရိယာများအား သက်ဆိုင်ရာကျောင်း များသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (မိုးနဲ)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။