Language: Myanmar English

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်း(မော်လမြိုင်)ခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံ ရေးနေ့အခမ်းအနား ကျင်းပ

     ၂၀၂၅ ခုနှစ်၊ မေ ၂၉ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း(မော်လမြိုင်)ခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား/သူများအား ပညာရေး ဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်း(မော်လမြိုင်)ခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။