Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်း သား/သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ

     ၂၀၂၅ ခုနှစ်၊ မေ ၂၉ ရက် နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းသား/သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းသား/သမီးများ တက်ရောက်ခဲ့ကြပြီး ကျောင်းသား/သူ ၁၈ ဦးတို့အား ကျောင်းသုံးစာရေးကိရိယာပစ္စည်းများ၊ ထီးနှင့် ပညာသင်ကြေးထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းသား/သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။