Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ငွေကျပ် သိန်း ၁,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ မေ ၂၆ ရက် ည ၁၁ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီး၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် တောင်ကြီးမှ ရန်ကုန်သို့ မောင်းနှင် လာသည့် NPW-3/4M-XXXX YUTONG အမျိုးအစား ခရီးသည်တင် EXPRESS ယာဉ်ပေါ်ပါ ခရီးသည် ဒေါ်နန်းအေးဟွမ်၊ ဒေါ်နန်းရွှေပွင့်(ခ)ခမ်းမော်၊ ဒေါ်မိုးပွင့်ဖြူ(ခ)ယွန်းယွန်း၊ ဒေါ်နန်းအေးအီနှင့် စိုင်းအိုက်ရွှေအောင်တို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ပြား(ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၁၅၀၀)နှင့် လက်ကိုင်ဖုန်း သုံးလုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဒေါ်နန်းအေးဟွမ်(၃၇)နှစ်၊ ဒေါ်နန်းရွှေပွင့်(ခ)ခမ်းမော် (၄၅)နှစ်၊ ဒေါ်မိုးပွင့်ဖြူ(ခ)ယွန်းယွန်း (၃၃)နှစ်၊ ဒေါ်နန်းအေးအီ(၄၁)နှစ်နှင့် စိုင်းအိုက်ရွှေအောင်(၄၅)နှစ်တို့ ငါးဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။