၂၀၂၅ ခုနှစ်၊ မေ ၃၀ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ကုသိနာရုံဘုန်းတော်ကြီးကျောင်းဝင်းရှိ လုံးပတ် ၁၀ ပေ၊ အမြင့် ၃၀ ပေခန့်ရှိ ညောင်ပင်သည် မိုးရွာသွန်းမှုကြောင့် အမြစ်လန်၍ လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပုသိမ်မြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ပစ္စည်းဆုံးရှုံးမှု မရှိကြောင်း သတင်းရရှိပါသည်။