Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ သံဖြူတန်းလမ်းရှိ သစ်ကိုင်းပဲ့ကျမှုဖြစ်ပွားရာတွင် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု

     ၂၀၂၅ ခုနှစ်၊ မေ ၃၁ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ သံဖြူတန်းလမ်းရှိ လုံးပတ် ၈ ပေခွဲ၊ အမြင့် ၆၀ ပေခန့်ရှိ မန်ကျည်းပင်သည် မိုးရွာသွန်းမှုကြောင့် ဆွေးမြေ့နေသည့်ခွဆုံမှ ပဲ့ကျနေကြောင်း သတင်းရရှိသဖြင့် ပခုက္ကူမြို့နယ်မီးသတ်စခန်းနှင့် ပခုက္ကူနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး၊ ကရိန်းယာဉ် တစ်စီးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၄၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ပစ္စည်းဆုံးရှုံးမှု မရှိကြောင်း သတင်းရရှိပါသည်။