နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မေ ၃၁ ရက်က လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၃၁ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ဒက္ခိဏသီရိမြို့နယ်၊ စီလမ်းဆုံစစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်နေ စိုးကိုကိုအောင်(၃၈)နှစ် မောင်းနှင်လာသည့် 6L/XXXX Honda Fit မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက် အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် စိုးကိုကိုအောင်အား ဒက္ခိဏသီရိမြို့မရဲစခန်း (ပ)၃၃/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သတင်းရရှိပါသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။