၂၀၂၅ ခုနှစ်၊ ဇွန် ၁ ရက် နံနက် ၇ နာရီ ၄၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၂)၊ မန္တလေး-လားရှိုးလမ်းဘေး၌ မိုးရွာသွန်းမှုကြောင့် လုံးပတ် ၃ ပေ၊ အမြင့် ၃၀ ပေခန့်ရှိ ရေသင်းဝင်ပင်သည် ဆွေးမြေ့လဲကျပြီး လမ်းပိတ်နေကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီ ၈ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။

