၂၀၂၅ ခုနှစ်၊ ဇွန် ၁ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၆)၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ မိုးရွာသွန်းမှုကြောင့် လုံးပတ် ၁ ပေ၊ အမြင့် ၁၅ ပေခန့်ရှိ တောင်သရက်ပင်သည် ဆွေးမြေ့ပြီး လဲကျနေကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။