Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၁ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ပု‌ဗ္ဗသီရိမြို့နယ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ဇွန် ၁ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရန်အောင်ကျေးရွာနေ ဒေါ်အေးအေးဆွေ(၃၇)နှစ်၏နေအိမ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပတ္တာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ၎င်းအား နှစ်လုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်အေးအေးဆွေ အား ပတ္တာနယ်မြေရဲစခန်း (ပ)၁၆/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ပု‌ဗ္ဗသီရိမြို့နယ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။