Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့အား ဖမ်းဆီးအရေးယူ

    ၂၀၂၅ ခုနှစ်၊ ဇွန် ၁ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ဇွန် ၁ ရက်က ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ဇွန် ၁ ရက် ညနေ ၅ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ဈေး(၁)ရပ်ကွက်နေ ဒေါ်စန်းရီ(၅၇)နှစ်၏နေအိမ်၌ ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပေါင်းတည်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်အောက်ထပ်၌ ဖဲရိုက်လောင်းကစားပြုလုပ်နေသည့် ဒေါ်စန်းရီပါ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့အား ဖဲရိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ၁၀ ဦးအား ပေါင်းတည်မြို့မရဲစခန်း (ပ)၈၆/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့အား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။