Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိ

        ၂၀၂၅ ခုနှစ်၊ ဇွန် ၁ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇွန် ၁ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် အမှတ်(၉၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ပြင်ဦးလွင်မြို့အတွင်း၌ နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၃)၊ နာရီစင်မီးပွိုင့်လမ်းဆုံ အရောက်၌ ဈေးလေးမီးပွိုင့်မှ မြို့တွင်းသို့ ရပ်ကွက်ကြီး(၄)နေ ကောင်းထက်နိုင်(ခ)မောင်ကောင်း(၂၀)နှစ် မောင်းနှင်လာသည့် YGN-18/7K-XXXX SUBARU အပြာရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကောင်းထက်နိုင်(ခ)မောင်ကောင်းအား ပြင်ဦးလွင်မြို့မရဲစခန်း (ပ)၁၀၄/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း။
     အလားတူ ဇွန် ၁ ရက် ညနေ ၄ နာရီ ၄၀ မိနစ်တွင် ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ပြင်ဦးလွင်မြို့နယ်အတွင်း နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ပြင်ဦးလွင်မြို့နယ်၊ ရေချမ်းအိုး(တ)ကျေးရွာ အေးချမ်းသာယာလမ်းဘေး၌ ပြင်ဦးလွင်မြို့နယ်၊ ရေငယ် ကျေးရွာနေ ဇော်ဇင်ဦး(ခ)ဇင်ကို(၃၃)နှစ် မောင်းနှင်လာသည့် YGN-36/1P-XXXX INSIGHT အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ဇော်ဇင်ဦး(ခ)ဇင်ကို အား ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၁၀၅/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
 
 
    
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။